วันอังคารที่ 28 มิถุนายน พ.ศ. 2554

ဘဝအောင်မြင်ရေးအတွက်ပေးစာ

ဘဝအောင်မြင်ရေးအတွက်ပေးစာ
 
       ဦးနှောက်ဥာဏ်ရည်အဆင့်(IQ)လား ၊ နှလုံးရည်အဆင့်(EQ)လား
လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဥာဏ်ရည်အဆင့်
(IQ) မဟုတ်။ နှလုံးရည်အဆင့်(EQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ
စိတ်ပညာရှင် နီးယဲလ်ဂိုးမန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း
အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့  ရှိမှုအရ (IQ)ကြောင့်
အောင်မြင်သူ ၂၅% ၊  (EQ)ကြောင့် အောင်မြင်သူ၇၅%ရှိကြောင်းတွေ့ ရှိခဲ့သည်။
ဦးနှောက်ဥာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ ရပညာတတ်အုပ်ချုပ်ရေးမှူး
တစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ
အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဥာဏ်ရည်
အဆင့်နှိပ်ပြီး ဘွဲ့ မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက
အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံသာမက ထိုအုပ်ချုပ်ရေးမှူးသည်
လုပ်ငန်းတွင် ရှယ်ယာဝင် တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်း
သုတေသနပြုရာ၌ တွေ့ ရှိခဲ့ရသည်။
(EQ) နှလုံးရည်ပြကိန်း (Emotional Quotient) သည် အကျင့်စာရိတ္တနှင့်
စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။
နှလုံးရည်အဆင့်အတန်း(EQ) မြင့်သူသည်-
(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း(Self Evaluation)
(၂)  ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း(Impulse-
      Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း(self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း(Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း(Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း(Positive thinking)
စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည်(EQ)ကို
မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ
ပေါက်ဖွားလာသူသည် အလိုအလျောက်  နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်
သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။
သည်နေရာတွင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင်
သားသမီးဆိုးမည်ဆိုသည့် အဓိပ္ပာယ်သဘောပင်ဖြစ်သည်။ ဘဝခရီးလမ်းတစ်လျှောက်လုံး
နှလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန်
ပြုပြင်ယူ၍ရသည်ဆိုခြင်းဖြစ်၏။ နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဥာဏ်ရည်
အဆင့်မှာလည်း မိဘထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။
စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဥာဏ်ရည်အဆင့်၅၀%မှာ
မိဘများထံမှရရှိနိုင်သည်။  ထို့သို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။
ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ဆရာမ)များထံမှရသည်။ ဦးနှောက်ဥာဏ်ရည်အဆင့်နိမ့်သော ပတ်ဝန်းကျင်တွင်
နေထိုင်ကြီးပြင်းခဲ့သူ၊ ဥာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင်
ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။
ကျွန်တော့်ဆိုလိုရင်းမှ ပထမ ၅၀% (မိဘများထံ)မှရသည် ပြောင်းလဲမှု မရှိနိုင်သော်လည်း
 ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး
ဥာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း
ကျွန်တော် ပြောဆိုခြင်းအပေါ်ဥာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။
လူတစ်ယောက်သည် ဥာဏ်ရည်အဆင့်ကောင်းပြီး နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့သေချာပါသည်။
ဥာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဥာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင်
အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊
ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။ နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ဖြစ်ရန် မိဘနှစ်ပါးက
မပေးခဲ့လျှင် မိမိတည်ဆောက်ယူရပါသည်။ ထိုသို့ တည်ဆောက်ရန် လိုအပ်သည့်
အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက်…….
(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘဝင်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။
      မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ၊ ဝမ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။  
     စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူ
      မျှတစွာ နေတတ်အောင်ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ခြင်းထလုပ်ပါ။
     အချိန်ရွှေ့  ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(ဂ) တစ်ဖက်သားကို အဓိပ္ပာယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပာယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
အထက်ပါဖော်ပြချက်များအနက် သင့်တွင်ဘာတွေရှိပြီး ဘာတွေချို့ ယွင်းနေသည်ကို
ဝေဖန်အကဲဖြတ်ပါ ။ ချွတ်ယွင်းချက်များ ပြည့်စုံလာအောင်ကြိုးစားပါ။
သင်သည်နှလုံးရည်အဆင့်ရှိသူတစ်ယောက်ဘဝသို့ ရောက်လာပါလိမ့်မည်။
သင်သည် ရွှေလက်ပိုင်ရှင်ဘဝသို့ ရောက်လာနိုင်သလို သင်၏ သားစဉ်
မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘဝသို့ ရောက်အောင်အမွေပေးနိုင်ပါလိမ့်မည်။
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန်
ကြိုးစားအားထုတ်ပြီး ပြုပြင်ပြောင်းလဲ၍ရသလို မိမိ၏အပြုအမှု အနေအထိုင်ကြောင့်
အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို
ဆိုးအောင်တွန်းအောင်တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။
သင်သည် ဦးနှောက်ဥာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင်
သင့်ထံမှ အမွေမရနိုင်သော ဥာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့်
တွေ့ ပါစေ။ လူတစ်ယောက်အတွက် ဥာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင်
အကောင်းဆုံးဟု ကျွန်တော်ဆိုချင်ပါသည်။
 ̏ကောင်းထက်˝ ၏ စာအုပ်မှ
ဗဟုသုတအဖြစ်တင်ပြလိုပ်ပါသည်။
အားလုံးအတွက်အကျိုးရှိပါစေ။